// | DailyBriefNews (၁၀-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၀-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၀-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ထုတ်လုပ်လိုက်သည့် စက်ပစ္စည်းများအရည်အသွေး ပြည့်မီစေရေးအတွက် စနစ်တကျသုတေသနပြု ထုတ်လုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်မှာကြား

၂။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး ကျုံမငေးမြိုတွင် ကြိုတင်ဆန္ဒမဲပေး

၃။ စားသုံးဆီကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၁) သန်းကျော် ဗဟိုဘဏ်ထုတ်ရောင်းပေး

၄။ ရေတာရှည်မြိုနယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

၅။ KK Park နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ ၆၃၃ လုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်

၆။ အကြမ်းဖက်သမားများ ဖျက်ဆီးလိုက်သဖြင့် ပျက်စီးသွားသည့် မြင်းမူမြိုနယ်အတွင်းရှိ မဟာဓာတ်အားလိုင်း ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် ရက်ပိုင်းအတွင်း လျှပ်စစ်မီးပြန်လည်ရရှိမည်

၇။ ဝက်လက်မြိုနယ် အရှေ့ခြမ်းဧရိယာရှိ အကြမ်းဖက်များ ထိန်းချုပ်ရာနေရာများကို တပ်မတော် နယ်မြေရှင်းလင်း၊ အလောင်းနှင့် လက်နက်များကို ရရှိ

၈။ ဇန်နဝါရီလ ၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၆,၀၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၃၈၀ ကျပ်၊ Octane 95 – ၂၄၄၀ ကျပ်၊ Diesel – ၂၁၃၅ ကျပ်၊ Premium Diesel – ၂၅၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းပိုင်နက်များတွင် မဟာမိတ်တပ်ဖွဲများ ဖြန့်ကြတ်ချထားမည့်အစီအစဉ်ကို ပယ်ချပြီးနောက် ယူကရိန်းမြိုတော်ကို ရုရှားက ကြီးမားသောတိုက်ခိုက်မှုလုပ်ဆောင်

၂။ ရုရှားအပေါ် ပိတ်ဆိုမှုဥပဒေကြမ်း မလိုအပ်တော့ဟု မျှော်လင့်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် ပြောကြားသော်လည်း ၎င်းကိုအတည်ပြုရန် ကွန်ဂရက်အား မီးစိမ်းပြ

၃။ ဖိလစ်ပိုင်တွင် ကျောင်းလခပေးရန် ရင်သွေးငယ်အား ၈၄၅ ဒေါ်လာဖြင့် ရောင်းချရန် ကြိုးပမ်းသည့် ဆယ်ကျော်သက်အမျိုးသမီး ဖမ်းဆီးခံရ

၄။ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန် အမေရိကန်က ဒေါ်လာ ၄၅ သန်း ကူညီမည်ဟု ကတိပြု

၅။ အကြမ်းဖက်နှိမ်နင်းရေးကို ပါကစ္စတန်နှင့် ပူးတွဲဆောင်ရွက်လိုဟု တရုတ်ပြော

၆။ ရုရှားရေနံကိစ္စ တရုတ်နှင့်အိန္ဒိယကို အရေးယူမည့် ဥပဒေကြမ်း ထရမ့်ပ် ထောက်ခံ

အားကစားသတင်းများ

၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း အမှတ်စဉ် (၂၃) ဖွင့်ပွဲတက်ရောက်

၂။ မြန်မာ့ ပထမဆုံး နိုင်ငံတကာအဆင့် ဘောလုံးပရိုလိုင်စင် နည်းပြသင်တန်း စတင်ဖွင့်လှစ်မည်

၃။ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို (၄)နှစ်ဆက်တိုက် ဆုံတွေ့

၄။ ကမ္ဘာ့ဖလား၂၀၂၆ တွင် တရုတ်၏ဉာဏ်ရည်တုနည်းပညာများကို သုံးမည်

၅။ ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းမှာ ၂၀၃၁ ခုနှစ် ဇွန်လအထိ ဆက်ရှိနေစေမယ့် ၅ နှစ်စာချုပ်သစ် ချုပ်ဆိုဖို သဘောတူညီလိုက်ပြီလို ဒေးဗစ် အွန်းစတိုင်းရဲ့ သတင်းအရ သိရ

အနုပညာသတင်းများ

၁။ အငြိုးဇာတ်လမ်းတွဲမှာ ချို (ဂျို) လေးနဲ့ နွားလေးပါဆိုတဲ့ မင်းဘုန်းမြတ်နဲ့ မေမြင့်မိုရ်

၂။ ဇာတ်ဝင်တေးလေးကို အားလုံးအတူတူဆိုရတာ တကယ့်ကိုသဘောကျတယ်ဆိုတဲ့ ဝေလာရီ

၃။ လူသာ သေရင်အသေခံ၊ နာမည်ဘယ်တော့မှ အသေမခံဘဲ ရိုးသားခြင်းတစ်ခုနဲ့ ဘဝတစ်ခုလုံးလျှောက်လှမ်းမယ်ဆိုတဲ့ အောင်ချမ်းအေး (TikTok Cele)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ရမည့် အချိန်အခါဖြစ်
Next post နိုင်ငံ့အရေးကို လေးလေးနက်နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်း တပ်ချုပ် ပြောကြား