// | DailyBriefNews ၂၀၂၅ ခုနှစ် ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲ ယနေ့ကျင်းပ

၂၀၂၅ ခုနှစ် ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲ ယနေ့ကျင်းပ

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲမှာ အကယ်ဒမီရွှေစင်ရုပ်တုကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေရဲ့ ဒုတိယအဆင့်ပြိုင်ပွဲကို ၁၀၄ ယောက်တက်လှမ်းခဲ့ပြီး ဒုတိယအဆင့်တက်လှမ်းနိုင်သူတွေ မေးမြန်းစိစစ်မယ့်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

” ၁၀၄ ယောက် ဒုတိယအဆင့်တက်သွားပြီဆိုတော့ ဗဟုသုတအ‌နေနဲ့ မေးမြန်းမှာဖြစ်တဲ့အတွက်ကြောင့် သူတို့က ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိအောင် ရုပ်ရှင်သမိုင်းပြတိုက်ကို လေ့လာဖို့အတွက်ကို လမ်းညွှန်မှာထားပြီး ဖြစ်ပါတယ်။ သူတို့က ခရစ္စမတ်နေ့ရယ်၊ ပြတိုက်ဖွင့်တဲ့ရက်တွေမှာ သူတို့လာရောက်လေ့လာခဲ့ပြီး ရုပ်ရှင်သမိုင်းကြောင်းကို သိအောင်လုပ်ထားပြီး ဖြစ်တယ့်အတွက် ဒုတိယအဆင့်မှာ မေးခွန်းလေးတွေပါလာမှာပါ။ ကာယ၊ ဉာဏပိုင်းတွေကိုလည်း ထည့်သွင်းမေးမြန်းစိစစ်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်လောကထဲကို ဝင်လာချင်တဲ့သူတွေအနေနဲ့ ကိုယ့်လောကသမိုင်းကြောင်းတွေ သိထားဖို့လိုအပ်တယ်။ ဥပမာ- ဦးသုခဆိုရင်လည်း မသိကြတော့ သိအောင်လည်း ကလေးတွေ မလေ့လာကြတော့ဘူး။ ဒါကြောင့် အဖက်ဖက်က သိထားသင့်အရာတွေကို သိရှိဖို့ အကောင်အထည်ဖော်တဲ့ သဘောပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ကိုချမ်းသာကြည်စိုးက ပြောပါတယ်။

အဆိုပါ ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲဝင်တွေက မြန်မာ့ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီးတော့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်မှာ တစ်ခေတ်တစ်ခါက ရုပ်ရှင်ရဲ့ဖန်တီးမှု အဆင့်ဆင့်တွေကို လေ့လာသင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၁၂-၂၀၂၅)ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃၀-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်