(၁၂-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၂-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ယာယီသမ္မတ ရန်ကုန်မြိုအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
၂။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒ နှစ်(၃၀)ပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို တက်ရောက်
၃။ မန္တလေးတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲအတွက် အပိုင်း (၁) ကို လျာထားမဲရုံပေါင်း (၁၂၄၂) ရုံတွင် ပြုလုပ်မည်
၄။ အသဲကြားက မဲတစ်ပြားကို မိမိနှစ်သက်ရာ အဖွဲအစည်းအား ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ကို ထမ်းဆောင်ပေးကြရန် ပြန်ကြားရေးဝန်ကြီးဝန်ကြီး တိုက်တွန်း
၅။ ဒီဇင်ဘာဈေးရောင်းပွဲတော်အဖြစ် ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို တစ်ပိဿာ ကျပ် ၁၆,၀၀၀ ဖြင့် ရန်ကုန်မြိုတွင် ရောင်းချပေးမည်
၆။ အကြမ်းဖက်သောင်းကျန်းသူအဖွဲများက မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား
၇။ ငဖဲနဲ့ ပခုက္ကူတိုမှာ PDF တွေက အရပ်သားတွေကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်
၈။ ဒီဇင်ဘာလ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၂၅ ကျပ်၊ Octane 95 – ၂၆၁၀ ကျပ်၊ Diesel – ၂၃၃၀ ကျပ်၊ Premium Diesel – ၂၈၀၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို၏ နယ်စပ်ပဋိပက္ခ အတွင်း နှစ်ဖက်စလုံး၌ အိုးအိမ်စွန့်ခွာပြေးရသူ ငါးသိန်းခန့်ရှိလာ
၂။ ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးစနစ်ထူထောင်ရန်တရုတ်က တောင်းဆိုထား
၃။ ရွေးကောက်ပွဲတွေကျင်းပဖို ယူကရိန်းကို ဒေါ်နယ်ထရမ့် တိုက်တွန်း
၄။ ရုရှားရဲ့ပြည်ပပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ယူကရိန်းကိုထောက်ပံ့မယ့် ဥရောပသမဂ္ဂရဲ့အစီအစဉ်ကို လက်မခံခဲ့ဘူး လို ဂျပန်အစိုးရပြော
၅။ ရုရှားရဲ့စစ်ဘက်ဆိုင်ရာသယ်ယူပိုဆောင်ရေးလေယာဉ်တစ်စင်း ပျက်ကျ
၆။ သမ္မတပူတင်က ဆိုဗီယက်ပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို ဒါမှမဟုတ် နေတိုးကို တိုက်ခိုက်ဖို မလိုလားဘူး လို ရုရှားအစိုးရပြော
အားကစားသတင်းများ
၁။ ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်ခြင်းလုံးအသင်းအား ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ဘတ်ခြောက်သိန်း ချီးမြှင့်ပေးအပ်
၂။ ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံ ဆိပ်ဆုများဆွတ်ခူးပေးခဲ့သည့် မြန်မာခြင်းလုံးအသင်း ဒီဇင်ဘာ ၁၁ ရက်ကပြန်လည်ရောက်ရှိလာ
၃။ ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာက ဗိုလ်လုပွဲတက်
၄။ ၂၀၂၅ ဆီးဂိမ်းကြက်တောင်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်မှာ ဟိန်းထွဋ်နှင့် သက္ထားသူဇာအတြဲ ကွာတားဖိုင်နယ်တက်ရောက်
၅။ အရေးကြီးပွဲမှ မေထက်လူကို အရန်ပိုပြီး တလွဲလူထုတ်တဲ့ နည်းပြကြောင့် ဆီးဂိမ်းက ထွက်ခဲ့ရတဲ့ မြန်မာအမျိုးသမီးအသင်း
အနုပညာသတင်းများ
၁။ ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားစေခဲ့သည့် သရုပ်ဆောင်မိုးအောင်ရင်ကို ဗဟန်းမြိုမရဲစခန်းက အမှုဖွင့်ထား
၂။ မလိမ်တမ်းဖွင့်ဟပြောရရင် အကယ်ဒမီဆုကို လိုချင်ပါတယ် ဆိုတဲ့ ရတနာဗို
၃။ မိန်းမရဲ့မှတ်ချက်တစ်ခုက ကျွန်တော့်အတွက်တော့ အားပဲဆိုတဲ့ နက္ခတ်
