// | DailyBriefNews အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိမယ့် “Mister Myanmar 2025” Top Model Show Runway ပြိုင်ပွဲကျင်းပခဲ့

အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိမယ့် “Mister Myanmar 2025” Top Model Show Runway ပြိုင်ပွဲကျင်းပခဲ့

မြန်မာပြည်က အရည်အချင်းရှိတဲ့ အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိမယ့် “Mister Myanmar 2025” Top Model Show Runway ပြိုင်ပွဲကို ဇူလိုင် ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ Juction City Promotion Area မှာ ကျင်းပခဲ့ရာ Title Award ဆုရှင် ၄ ဦးကိုရွေးချယ်ပေးခဲ့ပါတယ်။

“ကျွန်တော် ဒီဆုကို ရခဲ့လို့ အရမ်းကိုပျော်ပါတယ်။ အကဲဖြတ်ပေးသူတွေရော ဒီလိုနေရာတစ်ခုရောက် လာအောင်ကူညီပေးတဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ ခုလို Best In Introductory Video ဆုကို ရရှိခဲ့တာကြောင့် ရှေ့ဆက်ပြီးတော့ Mister တစ်ယောက်မှာ ရှိသင့်တာတွေ လိုအပ်တာဖြည့်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ ”လို့ ခါးပတ် ၄ ဇေယျာထက်အောင် (Best In Introductory Video ဆုရှင်) ကပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် အလှမောင် အယောက် ၂၀ ပါဝင်ပြီး Runway Show ကြီးကို Talent မျိုးစုံနဲ့ ချပြယှဉ်ပြိုင်ခဲ့ကြရာ ခါးပတ် ၄ ဇေယျာထက်အောင်က Best In Introductory Video ဆု၊ ခါးနံပါတ် ၈ မင်းခန့်ဝင်းက Best In Social Media Influencing ဆု ၊ ခါးနံပါတ် ၁၉ Rico က Best In Runway ဆု၊ ခါးနံပါတ် ၁၇ အောင်မင်းဟိန်း Mister Myanmar ဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ Final ကိုတော့ မကြာခင် ကျင်းပမှာဖြစ်ပြီးတော့ Winner ဆုရရှိသူကတော့ သိန်း ၃၀၀၀ တန် ဖိုးရှိ မိုးကုတ်ပတ္တမြားတွေနဲ့ စီခြယ်ထားတဲ့ Crown ကို ရရှိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက အဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် KIO ဒု-ဥက္ကဋ္ဌ(ဟောင်း) ဦးတူးဂျာတို့၏နေအိမ်များ အသံမိုင်းဖြင့်တိုက်ခိုက်ခံရ
Next post (၈-၇-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ