// | DailyBriefNews ရှရွတ်ခန်း ရိုက်သမျှဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ Jawan

ရှရွတ်ခန်း ရိုက်သမျှဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ Jawan

ချစ်ပရိသတ်တွေ ဘုရင်ခန်းလို့ ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်ဘောလိဝုဒ်မင်းသာရှရွတ်ခန်းဟာဆိုရင် ထွက်သမျှ သူ့ရဲ့ဇာတ်ကားတိုင်းက ရုပ်ရှင်ချစ်ပရိသတ်တွေနှစ်ခြိုက်ပြီး အောင်မြင်တာချည်းပါပဲ။ အခုနှစ်ထဲ ရုံတင်ပြသခဲ့တဲ့ Pathaan ဇာတ်ကားဆိုရင်လည်း Box Office မှာ အောင်မြင်မှုအကြီးအကျယ်ရခဲ့တာပါပဲ။ မကြာခင်မှာ သူ့ရဲ့ နောက်ထပ်ဇာတ်ကားအသစ်ထွက်ရှိလာဦးမှာပါ။ Jawan ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး စက်တင်ဘာ ၇ ရက်နေ့မှာ ရုံတင်ပြသမှာပါ။

Jawan ရုပ်ရှင်ဇာတ်ကားအသစ်က လက်ရှိအချိန်အထိ ရှရွတ်ခန်းပါဝင်ခဲ့သမျှ ရိုက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့ထုတ်လုပ်ရေးကုန်ကျစရိတ်က ဒေါ်လာ၃၆သန်း ကျော်ရှိပြီး အက်ရှင်ကားပါ။ ဒီဇာတ်ကားမှာ ရှရွတ်ခန်းက နှစ်ကိုယ်ခွဲဇာတ်ရုပ်ကို သရုပ်ဆောင်ထားတဲ့အပြင် နာမည်ကြီးမင်းသမီး ဒီပီကာပက်ဒူကုန်းကလည်း အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။မင်းသားကြီး ရှာရွတ်ခန်း ရဲ့ JAWAN – Official Trailer ကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဇာတ်ကားနမူနာမှာလည်း ဇာတ်အိမ်နဲ့ပတ်သက်ပြီး အများကြီးတော့ ထုတ်ပြမထားပါဘူး။ စက်တင်ဘာ ၇ ရက်နေ့ကျ ဒီဇာတ်ကား ရုံတင်ပြသတဲ့အခါ အက်ရှင်ဇာတ်ကားပရိသတ်တွေနဲ့ ရှရွတ်ခန်းပရိသတ်တွေ နှစ်ခြိုက်အားရမယ့်ဇာတ်ကားဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

အခုနှစ် ရှရွတ်ခန်းပါဝင်ထားတဲ့ ဇာတ်ကားတွေက Pathaan နဲ့ Jawan ဇာတ်ကားတွေအပြင် Danki ရုပ်ရှင်ကားကလည်း အခုနှစ် ဒီဇင်ဘာလထဲ ထွက်ရှိမယ်လို့ သိရပါတယ်။

Ref: Shah Rukh Khan’s film ‘Jawan’ is his most expensive film yet

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွား
Next post ရန်ကုန် ရန်ကင်းမြို့ရှိ ရေမြောင်းထဲမှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့