// | DailyBriefNews တရုတ်ခရီးစဉ်အပြန် နစက ဥက္ကဋ္ဌကို အနုပညာရှင်များ ကြိုဆိုဂုဏ်ပြု

တရုတ်ခရီးစဉ်အပြန် နစက ဥက္ကဋ္ဌကို အနုပညာရှင်များ ကြိုဆိုဂုဏ်ပြု

တရုတ်နိုင်ငံသို့ စီးပွားရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးများ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့က နေပြည်တော်လေဆိပ်မှာ အနုပညာရှင်များက ကြိုဆိုခဲ့ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့က သွားရောက်ခဲ့ပြီး ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပသည့် အဋ္ဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ် မြောက် ဧရာဝတီ-ကျောက် ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

အဆိုပါ နစကဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်ပြန် ကြိုဆိုဂုဏ်ပြုပွဲအား နေပြည်တော်လေဆိပ်ရှင် သွားရောက်ကြိုဆို ဂုဏ်ပြုသော အနုပညာရှင်၊အတတ်ပညာရှင်များမှာ သရုပ်‌ဆောင်များ ဖြစ်ကြသော ရန်အောင်၊ ခန့်စည်သူ၊ စင်ရော်မောင်မောင် ၊ မေသန်းနု၊ စိုးမြတ်သူဇာ ၊ မေသဉ္ဇာဦး ၊ ဒိန်းဒေါင် ၊ ဆောင်းယွန်းစံ နဲ့အနုပညာရှင်များစွာ ကြိုဆိုဂုဏ်ပြုကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လေးနှစ်ကြာတွဲလာသော ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ပိုင်တံခွန်
Next post Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ