// | DailyBriefNews တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထားနိုင်ကြောင်း ကြေညာ

တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထားနိုင်ကြောင်း ကြေညာ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်၂၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပိတ်ရက်မရှိ တက္ကသိုလ်၂၃ ခု၌ စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန်အတွက် လိုအပ်ချက်များ ကိုလည်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ရာတွင် မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူး/ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ ထံမှ အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ကို ကိုယ်တိုင်ထုတ်ယူရမည် ဖြစ်သည်ဟု ဆိုသည်။

သတ်မှတ်ရက်ကျော်လွန်ကာ လျှောက်ထားသူများသည် ရန်ကုန်မြို့၊ သထုံလမ်းတွင် ရှိသည့် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)ကို ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ၃၂ နှစ်ပြည့် မွေးနေ့မှာ ကုတင်၅၀၀ဆေးရုံမှာ လူ ၂၅၀ စာ အာဟာရဒါနကုသိုလ် ပြုလုပ်ခဲ့သော ရွှေပိုးအိမ်