// | DailyBriefNews တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းနေမှုကြောင့် မြို့နယ် အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်

တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းနေမှုကြောင့် မြို့နယ် အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်

ဇွန် ၂၆ ရက်နေ့က တစ်နိုင်ငံလုံး ဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားခဲ့ပြီး ယခု တစ်နေ့လျှင် လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့် လျော့နည်းရရှိနေ၍ ယာယီဓာတ်အား ပြတ်တောက်မှုများ ရှိနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေး ထုတ်ပြန်ထားပါသည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဇွန် ၂၆ ရက်နေ့ (၇:၅၄) နာရီအချိန်ခန့်တွင် 230kV မန်စံ – ရွှေစာရံလိုင်း အမြဲတမ်းအပြစ် (Permanent. fault) ဖြစ်၍ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားခဲ့ပါသည်။ ဓာတ်အားလိုင်း ချို့ယွင်းနေမှုကြောင့် ယနေ့အထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု (၄၀၀)မဂ္ဂါဝပ်ခန့် တစ်နေ့လျှင် လျှပ်စစ်ပမာဏယူနစ်( ၉.၅) သန်းခန့် လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရ ပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌သော ဓာတ်အားပမာဏထက်.(၂၀% ) နေ့စဉ်ယူနစ် (၅.၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့ပါသဖြင့် အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရကြောင်းလည်း သိရပါသည်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်နှင့် အများပြည်သူများအား ယခင်ရက်ပိုင်း သုံးစွဲ၀န်အား ထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးနေရပြီး အရေးပေါ်၀န်အား ထိန်းညှိ‌မှု ဆောင်ရွက်ရခြင်း‌များကြောင့် မြို့နယ်အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဈေးဝယ်စင်တာနှင့် စူပါမားကတ်များတွင် သတ်မှတ်ဈေးဖြင့် ဆန်များစတင်ရောင်းချနေပြီး တစ်ပြည်ချင်းမှ အိတ်လိုက်ပါ ရောင်းချပေးနေ
Next post Y Agro စိုက်ပျိုးရေးနည်းပညာကုမ္ပဏီ နဲ့ ကမ္ဘာ့ထိပ်တန်း FMC ကုမ္ပဏီတို့ရဲ့လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်သော နေတိုး