// | DailyBriefNews ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ

ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယားအနုပညာရှင် ၁၉ ဦး ပါဝင်သော တတိယအဖွဲ့သည် ဧပြီ ၁၄ ရက်၊ ညပိုင်းက ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ တတိယအဖွဲ့တွင် Mr. PARK MOON HEE ဦးဆောင်သော ကိုရီးယား K-pop အနုပညာရှင် ၁၉ ဦး ပါဝင်ပြီး မြန်မာနိုင်ငံ တာဝန်ရှိများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယင်းအဖွဲ့သည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon တွင် တည်းခိုလျှက်ရှိပြီး ယနေ့ ဧပြီ ၁၅ ရက်တွင် နေပြည်တော်သို့ သွားရောက်သွားရောက်၍ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၆-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်