ဓနုဖြူ-ရန်ကုန်ကားလမ်း ယာဉ်(၂)စီးတိုက်မိပြီး (၁)ဦး သေဆုံး၊ (၁)ဦး ထိခိုက် ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၄/၃)ကြားတွင် NISSAN အမျိုးအစား (ဖြူနီရောင်) ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိကြောင်း ပုဏ္ဏမာလူမှုကူညီရေးအသင်းမှ သိရှိရပါသည်။
၂၉.၁.၂၀၂၄ ရက်နေ့၊ ၀၆ ၄၀ အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆီဘောက်ဆာယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး(သေဆုံး)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား ပုဏ္ဏမာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
More Stories
(၂၂-၁-၂၀၂၆)ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
(၂၂-၁-၂၀၂၆)ရက်နေ့ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ 👉၁၆ ပဲရည် ရွှေတစ်သားကျပ်YGEA စျေး - ၆,၀၀၀,၀၀၀ ကျပ်ပြင်ပပေါက်စျေး - ၁၀,၂၀၀,၀၀၀ ကျပ်၁၅ ပဲရည်ပေါက်စျေး - ၉,၆၀၀,၀၀၀ ကျပ် 👉အမေရိကန်ဒေါ်လာဗဟိုဘဏ်စျေး-...
လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်
ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂)ရလဒ်များကို စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာကြေညာပေးမည်ဖြစ်ပြီး လာမည်မတ်လအတွင်း လွှတ်တော်ခေါ်ယူအနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင် ကပြောသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှာ တပ်နယ်မိသားစုများနှင့်...
အရှည်(၈၇၆)ပေရှိ သံလွင်တံတား(တာဆန်း)ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကိုဆက်သွယ်ထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ သံလွင်တံတား(တာဆန်း)က မ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊...
နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်သွားမည်ဟု ယာယီသမ္မတပြော
အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား...
ကျိုင်းယင်းဆရာတော်ကြီးအားချီးမြှင့်ထားသည့် “စည်သူ”ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို နိုင်ငံ တော် ယာယီသမ္မတမှ လက်ရောက်ဆက်ကပ်
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)က နိုင်ငံ တော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော "စည်သူ"ဘွဲ့အား ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၏ ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ခဲ့သည်။ ထိုသို့...
တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်
တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့၏ သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း က တပ်နယ် ရှိ အရာရှိစစ်သည်မိသားစုများကို ဇန်နဝါရီ ၁၉ ရက်နေ့က...
