// | DailyBriefNews မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သမာဓိလမ်းတွင် နေအိမ် မီးလောင်

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သမာဓိလမ်းတွင် နေအိမ် မီးလောင်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သမာဓိလမ်းတွင် ဇန်နဝါရီ (၃)ရက် ယနေ့ နံနက် အစောပိုင်း (၁)နာရီ အချိန်ခန့်က နေအိမ် မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါသည်။

မြဝတီခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ မြဝတီမြို့အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ် ရေသယ်ယာဉ်(၂)စီး၊ စည်ပင်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၂၅ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၃ သန်းနီးပါး ထုတ်ရောင်း
Next post ဂစ်ရဲ့EPL စံချိန်ကို မီသွားတဲ့ အခုချိန်ထိ မမောပန်းနိုင်သေးသူ ဂျိမ်းစ်မီလ်နာ