// | DailyBriefNews မော်လမြိုင်မြို့တွင် သံလွင်မြစ်တွင်းသွား အပျော်စီးသင်္ဘော ယနေ့ စတင်ခုတ်မောင်း

မော်လမြိုင်မြို့တွင် သံလွင်မြစ်တွင်းသွား အပျော်စီးသင်္ဘော ယနေ့ စတင်ခုတ်မောင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားတွင် သံလွင်မြစ်တွင်းသွား အပျော်စီး သင်္ဘောခရီးစဥ် ယနေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေ (၅)နာရီမှစတင်ကာ ပြေးဆွဲသွားမည်ဖြစ်ပြီး booking များလက်ခံနေပြီ ဖြစ်ကြောင်း Harmony river cruise ထံမှ သိရပါသည်။

အပျော်စီးခရီးစဥ်တွင် သံလွင်မြစ်ကြောင်းတစ်လျှောက် ညနေ ၅ နာရီမှ ၇ နာရီ ထိ၂ နာရီကြာမြင့်​​မည်ဖြစ်ပြီး သံလွင်မြစ်၏ ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သံလွင်​မြစ်အပျော်စီးသင်္ဘောစီးနင်းခအ​​နေဖြင့် အစားအသောက်အပါအဝင် လူကြီးတစ်ဦးလျှင် နှစ်သောင်းကျပ်၊ကလေးတစ်ဦးလျှင် တစ်သောင်းခွဲကျပ်နှင့် အစားအသောက်မပါဝင်ဘဲ အပျော်တမ်းလိုက်လံစီးနင်းပါက တစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် သတ်မှတ်ထားသည်။

အပျော်စီးသင်္ဘောပေါ်တွင် Life jacketsများ ပါဝင်မည်ဖြစ်ပြီး လူဦးရေ ၂၀၀ ခန့်အထိ စီးနင်းနိုင်ကြောင်း၊ အပျော်စီး ခရီးစဥ်ကို အပတ်စဥ် သောကြာ၊ စနေ၊ တနင်္ဂနွေ​နေ့တိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စေ့စပ်ထားတဲ့ချစ်သူနဲ့ ဆက်ဆံရေးအဆုံးသတ်ပြီဆိုတဲ့ တေးသံရှင် ဂျိုးလေး
Next post “လိပ်ပြာအံဝှက်” ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေး ကျင်းပ