// | DailyBriefNews ကျိုင်းတုံမြိုကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

ကျိုင်းတုံမြိုကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

ရှမ်းပြည့်အရှေ့ပိုင်း ကျိုင်းတုံမြိုကိုဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နိုဝင်ဘာ (၁၇) ရက် နံနက် (၈) နာရီ၊ (၇) မိနစ်၊ (၁၀) စက္ကန့်အချိန်တွင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဇလဗေဒ က ထုတ်ပြန်အသိပေးသည်။

ကျိုင်းတုံမြေငလျင်စခန်း၏ တိုင်းထွာချက်အရ ကျိုင်းတုံမြို၏အနောက်မြောက်ဘက် (၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို၏ အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၅၀) ဒီဂရီ၊ အနက် (၂၅) ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ဒေသမှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ငလျင် ခပ်ပြင်းပြင်း နှစ်ကြိမ် လှုပ်ခတ်သွားပြီး ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟုဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်မြို့ တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ စတင် ဆောက်နေ
Next post သားလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားလိုက်ပြီဖြစ်တဲ့ ပိုးကြာဖြူခင်