(၂၂-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၂-၁-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ လာမည့်မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့် အစိုးရအဖွဲကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှပြောင်းပေးမည်
၂။ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်ရန်လို
၃။ မိုးနဲမြိုနယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်း ပိုချ
၄။ ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပြည်သူများ လုံခြုံမှုရှိစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်သွားရန် ပြည်ထဲရေးဝန်ကြီး ပြောကြား
၅။ ICJ ၌ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ် စားလှယ်အဖွဲ၏ ကြိုးပမ်းဆောင်ရွက်မှုများကို USDP မှကြိုဆိုထောက်ခံဂုဏ်ပြုမှတ်တမ်းတင်
၆။ တပ်မတော်က သပိတ်ကျင်း-မိုးကုတ်ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်
၇။ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြိုနယ်အစပ်က AA စခန်းကို တပ်မတော်ဗုံးကြဲရှင်းလင်း၊ AA အဖွဲဝင်တွေ ထိခိုက်သေဆုံးမှု များပြား
၈။ ဇန်နဝါရီလ ၂၁ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ Octane 92 – ၂၂၉၀ ကျပ်၊ Octane 95 – ၂၃၃၅ ကျပ်၊ Diesel – ၂၁၆၅ ကျပ်၊ Premium Diesel – ၂၅၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ပစ်ခတ်လုပ်ကြံခဲ့သူ ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံရ
၂။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၁ ဘီလျံကျော်က ဖြစ်ပွားခဲ့သည့် ဂမ္မာရောင်ခြည်လှိင်း ဖြာထွက်မှုကို ရုရှားဂြိုဟ်တု ဖမ်းယူတွေ့ရှိ
၃။ ယူအက်စ်အလုပ်သမားများနှင့် ကျောင်းသားများထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ကန့်ကွက်
၄။ ကိယက်ဗ်တစ်မြိုတည်းမှာပင် လူ တစ်သန်းကျော် လျှပ်စစ်မီးမရဟု ဇလန်းစကီးဆို
၅။ ဘေလာရုစ်သမ္မတလူကာရှန်ကို ဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေးဘုတ်အဖွဲမှာ ပါဝင်လာ
၆။ နေတိုးအဖွဲများထဲမှ နေရာပေါင်း (၂၀၀) ခန့် အမေရိကန်လျှော့ချသွားမည်
အားကစားသတင်းများ
၁။ သာကေတမြိုနယ်၊ ရပ်ကွက်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကျင်းပ
၂။ ONE ဖြင့် စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သည့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ
၃။ ၂၀၂၅ အာဖရိကနိုင်ငံများဖလားချန်ပီယံ ဆီနီဂေါအသင်းရဲ့ ဒါကာမြိုအတွင်း လှည့်လည်အောင်ပွဲခံခဲ့
၄။ မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပွဲစဥ် ၂၂ ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရ
၅။ မိမိအတွက် အိပ်မက်ညတစ်ည ဖြစ်ခဲ့ကြောင်း အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ပြောကြား
အနုပညာသတင်းများ
၁။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ Fashion Award ဆုကို မြန်မာရိုးရာဝတ်စုံအပြင် တိုင်းရင်းသား ရိုးရာဝတ်စုံကိုပါ ဆုချီးမြှင့်ပေးမည်
၂။ ဇန်နဝါရီ ၂၃ ရက် ရုံတင်ပြသမယ့် “ပန်းခင်းထဲကပျိုးသောပန်း”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ
၃။ ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီး အောင်ဇဗ္ဗူဇာတ်အဖွဲ တောင်းပန်
