သူနာပြုကျောင်းများအား တိုင်းနှင့်ပြည်နယ်များ အလိုက်အဆင့်မြှင့်တင် ဖွင့်လှစ်ရန်လိုအပ်
ကျန်းမာရေးကဏ္ဍမြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန်အတွက် သူနာပြုကျောင်းများအား တိုင်းနှင့်ပြည် နယ်များအလိုက် အဆင့်မြှင့်တင်ဖွင့်လှစ်ရန်လိုအပ်သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၄ရက်မွန်း လွဲပိုင်းကကျင်းပတဲ့ ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းများနှင့်ပတ်သက်၍ ကုသရေးပါ ရဂူများနှင့် ဆရာဝန်များ၊သူနာပြုများ၊သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်သူနာပြုများရှိပြီး ကျန်းမာရေးကဏ္ဍမြှင့်တင်မှုကိုအထောက်အကူပြုနိုင်ရန်အတွက် သူနာပြုကျောင်းများအား တိုင်းနှင့်ပြည်နယ်များအလိုက် ဖွင့်လှစ်ရန်လိုသည်ဟု ပြောပါတယ်။
ထိုပြင် ဆေးရုံများမှာ သူနာပြုများအား အဆင့်အလိုက် တာဝန်ပေးအပ်ထားပြီး ဆေးရုံများရှိ ကုတင်အရေအတွက်အနည်း၊အများအလိုက် တာဝန်ပေးအပ်မှုများကွာခြားသွားသဖြင့် ထမ်းဆောင်ရသည့် တာဝန်များအ လိုက် Grade များခွဲ၍ Grade များအလိုက်ခံစားခွင့်များတိုးမြှင့်ပေးရမည်ဟုပြောပါတယ်။
