(၂၄-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၄-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ကမ္ဘောဒီးယား-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စကို မြန်မာနိုင်ငံမှ ဘက်လိုက်ခြင်းမရှိဘဲရပ်တည်လျက်ရှိ
၂။ နောက်ဆုံးအကြိမ် မဲစာရင်းများကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲခွဲများတွင် ကပ်ထားကြေညာမည်
၃။ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လ၀က ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မှာကြား
၄။ မုံရွာမြိုနယ်မှ ခရီးဝေးသွားမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး
၅။ ကျိုက်ထီးရိုးဘုရားသို လာရောက်သည့် ဘုရားဖူးခရီးသွား အလွန်များပြားနေ
၆။ PDF ပူးပေါင်းအဖွဲများ မိုင်းခွဲဖျက်ဆီးခဲ့သည့် စဉ့်ကူးမြိုနှင့် ကျောက်မြောင်းမြိုသို ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ) နေရာတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်
၇။ ကျွန်းစုမြိုနယ်မှ ကျေးရွာခွဲ တာဝန်ခံဖြစ်သူ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင်တစ်ဦးအား PDF များက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်၍ ပစ်ခတ်သတ်ဖြတ်
၈။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၂၀ ကျပ်၊ Octane 95 – ၂၅၇၀ ကျပ်၊ Diesel – ၂၂၃၀ ကျပ်၊ Premium Diesel – ၂၆၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်က တတိယမြောက် ဗင်နီဇွဲလားရေနံတင်သင်္ဘောကို ဖမ်းဖိုလုပ်နေပြီ
၂။ Call of Duty နှင့် Battlefield ဂိမ်းဖန်တီးသူ အမေရိကန်တွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်
၃။ ဂရင်းလန်းဆိုင်ရာ အထူးသံတမန်ခန့်အပ်မှုကိစ္စ ဒိန်းမတ်က အလွန်ဒေါသထွက်နေပြီး အမေရိကန်သံအမတ်ကို ဆင့်ခေါ်
၄။ Amazon ကုမ္ပဏီက မြောက်ကိုရီးယားနိုင်ငံသား ၁၈၀၀ ၏ အလုပ်လျှောက်ထားမှုကို ပိတ်ဆို
၅။ စင်ကာပူမှာ သွေးလှူနိုင်မယ့် အသက်ကန့်သတ်ချက်ကို ၆၅ နှစ်ထိ တိုးမြှင့်
၆။ နောက်ထပ်မီးတောင်ပေါက်ကွဲမှုဘေးအန္တရာယ်ကြီးအတွက် ကမ္ဘာကြီးအဆင်သင့်ဖြစ်မနေဟု သိပ္ပံပညာရှင် သတိပေး
အားကစားသတင်းများ
၁။ Myanmar Women League 2025-2026 ဒုတိယအကျော့ ပြိုင်ပွဲ အဖွင့်ပွဲစဉ်တစ်ရက်တည်းတွင် အသင်း(၄)သင်း စတ င်ယှဉ်ပြိုင်မည်
၂။ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်ကစားသမား နေမာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့
၃။ နာပိုလီအသင်းထံ အငှားနဲ့ပြောင်းခဲ့တာဟာ ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်လို ဟွိင်လန်း ပြောကြား
၄။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပယ်နယ်တီကို ရာနှုန်းပြည့်ဂိုးသွင်းယူနိုင်မှု အများဆုံးမှတ်တမ်းကို ဟီမင်နက်ဇ် လိုက်မီ
၅။ လာမယ့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကွင်းလယ်ပိုင်းကို မန်ယူနိုက်တက် အဓိကအားဖြည့်ဖွယ်ရှိ
အနုပညာသတင်းများ
၁။ ဇာတ်ပိုလား၊ ဇာတ်ဆောင်လား မသဲကွဲဘူးပြောကြပေမယ့် ကိုယ်က သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တာပါဆိုတဲ့ အေးမြတ်သူ
၂။ အေးမြတ်သူကို ကြည့်ပြီးတော့ အမြဲတမ်း Moti ယူနေရတယ် ဆိုတဲ့ ရတနာဗို
၃။ ရွှေကြိုက နောက်ထပ်ခြေလှမ်းသစ်တစ်ခု ဖြစ်မယ်ထင်ပါတယ်ဆိုတဲ့ သွန်းကြယ်စင်
၄။ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေက အငြိမ့်မင်းသမီးနဲ့ လူရွှင်တော်တွေအဖြစ် ပါဝင်တဲ့ “ရွှေမြားနှစ်သစ်မင်္ဂလာအငြိမ့်” ဖျော်ဖြေတင်ဆက်ပွဲကို မီဒီယာမိတ်ဆက်
