// | DailyBriefNews (၁၆-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၆-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၆-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဖွံဖြိုးမှုနောက်ကျနေတဲ့ ဒေသခံများရဲ့မျက်နှာကို စာနာထောက်ထားကာ တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြရန် နိုင်ငံတော်ယာယီသမ္မတ တိုက်တွန်း

၂။ မင်းလက်ပံဖြစ်စဉ်သည် KNU က အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ပြီးနောက် ၎င်းတိုနှင့် ပတ်သက်မှုမရှိကြောင်း ပြသလိုသောလုပ်ကွက်တစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်‌‌‌ဇော်မင်းထွန်း ပြောကြား

၃။ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် UEC အကြောင်းကြား

၄။ ၂၀၂၅ အထွေထွေရွေးကောက်ပွဲသည် “အရေးကြီးပြီး ထူးခြားသည့် ရွေးကောက်ပွဲ” ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

၅။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ

၆။ (၃၄) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အထိမ်းအမှတ် “တိုင်းရင်းသားကရင်မောင်နှမ” ကွင်းထိန်းရုပ်တု ဖွင့်ပွဲအခမ်းအနား ကျင်းပ

၇။ လောင်းလုံးမြိုတွင် ဆီဖြည့်နေသည့် CANTER ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

၈။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၀ ကျပ်၊ Octane 95 – ၂၅၄၀ ကျပ်၊ Diesel – ၂၂၄၅ ကျပ်၊ Premium Diesel – ၂၆၈၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နယ်စပ်တိုက်ပွဲများပြင်းထန်လာသောကြောင့် ကမ်းရိုးတန်းတလျှောက်ကို ထိုင်းက ကာဖျူးထုတ်

၂။ လူပါတင်ဆောင်ပျံသန်းနိုင်သော ဒရုန်းများကို လာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း စတင်ပျံသန်းနိုင်ရန် ဟောင်ကောင်က ရည်ရွယ်လုပ်ဆောင်နေ

၃။ လူ (၁၅) ဦးအသက်ဆုံးပါးခဲ့သည့် ဩစတြေးလျကမ်းခြေ သေနတ်အကြမ်းဖက်မှု တရားခံများက သားအဖဖြစ်နေ

၄။ နာဇီပါတီဝင်ရဲ့ မြေးဖြစ်တဲ့ လက်ရှိ ဂျာမန် အဓိပတိက ပူတင်ကို ဟစ်တလာနဲ့တူတယ်ဆိုပြီး စွပ်စွဲ

၅။ ဗင်နီဇွဲလားမှာ မြေပြင်တိုက်ခိုက်မှုတွေကို မကြာခင်အချိန်အတွင်း စတင်သွားနိုင်တယ်လို ဒေါ်နယ်ထရမ့်ပြော

၆။ အင်္ဂလန်နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် မိုးပျံပူဖောင်း (၁) သိန်းဖြင့် ဖန်တီးထားသည့် ခရစ္စမတ်သစ်ပင်ကို ခင်းကျင်းပြသ

အားကစားသတင်းများ

၁။ ဆီးဂိမ်းဖိတ်ကြားခံ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲဝင်များ ပြန်လည်ရောက်ရှိ

၂။ ဆီးဂိမ်းပြိုင်ပွဲဝင် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် စူပါရေချမ်း ဆီမီးဖိုင်နယ်သို တက်ရောက်

၃။ အမျိုးသား ဖူဆယ်အသင်းအနေဖြင့် တစ်ပွဲချင်းစီကို အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမည်ဟု အသင်းနည်းပြ ပြော

၄။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ခြေစွမ်းပိုင်းရော အသင်းအတွင်းပိုင်းမှာပါ မတည်ငြိမ်မှုတွေရှိနေ

၅။ အဂ်လန်ကြယ်ပွင့်က ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်ကို ဖျက်ဆီးနိုင်တယ်လို ချီးကျူးလိုက်ပြီး အာတီတာကို သွယ်ဝိုက် ဝေဖန်လိုက်တဲ့ ကာရေဂါ

အနုပညာသတင်းများ

၁။ တစ်ချိန်က ကိုယ့်ကို ခေါင်းဆောင်မင်းသမီး တင်ရိုက်ရင်တောင် အနုပညာကြေး မလောက်ငှလို လက်လွှတ်လိုက်ရတာတွေရှိတယ်ဆိုတဲ့ မေမီကိုကို

၂။ Comeback ကို Surprise တွေနဲ့ ပြန်လာမယ်ဆိုတဲ့ Project K

၃။ မြန်မာသံစဉ်တွေကို မျိုးဆက်သစ်လေးတွေက အမှားအယွင်းမရှိသီဆိုလာကြတာမို ဂုဏ်ယူမိတယ်ဆိုတဲ့ တင်တင်မြ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့တပ်မတော်(လေ) ကို လက်ရှိတွင် မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံး အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်‌ ပြောကြား
Next post (၁၆-၁၂-၂၀၂၅)ရက်နေ့ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ